ကွန်ပျူတာစပွင့်တယ်ဆိုရင် မည်တဲ့အသံလေးကို ကျွန်တော်တို့ကြားရမှာပါ။ ဒီအသံလေးကို ကျွန်တော်တို့ ကြိုက်တဲ့ သီချင်းလေးနဲ့အစားထိုးမယ်ဗျား။ အောက်မှာအဆင့်လေးတွေနဲ့ရှင်းပြထားပါတယ်။
Step - 1
ပထမဦးဆုံး taskbar ပေါ်က အသံအတိုးအကျယ် Icon လေးပေါ်မှာ Right Click ထောက်ပါ။
Step - 2
ပြီးတော့ Sounds ကို နှိပ်လိုက်ပါ။ Window Logon ကို ရှာပြီးတော့ select ပေးလိုက်ပါ။ ပြီးတော့ Browse ကိုနှိပ်လိုက်ပါ။ ကိုယ်အစားထိုးချင်တဲ့ သီချင်းရှိတဲ့နေရာကို ရှာပြီး ရွေးပေးလိုက်ပါ။
Step - 3
အကုန်ရွေးပြီးသွားရင် Test ကိုနှိပ်ပြီးတော့ ကိုယ့်ရဲ့သီချင်းသံကိုစမ်းကြည့်ပါ။ ဒါတွေပြီးသွားရင် Apply and OK ကိုနှိပ်လိုက်ရုံပါပဲ။ ပြီးရင် ကွန်ပျူတာကို Restart ချကြည့်လိုက်ပါ။ Desktop ကကိုယ်ပြောင်းထားတဲ့သီချင်းသံလေးနဲ့ပေါ်လာမှာပါ။ တစ်ခုသတိထားရမှာက ကိုယ်အစားထိုးမယ့်သီချင်းဟာ wav format
အမျိုးအစားဖြစ်ရပါမယ်။ MP3 ကနေ WAV ကိုပြောင်းဖို့ Format Factory Software ကိုသုံးနိုင်ပါတယ်။
သူငယ်ချင်းတို့အားလုံးအဆင်ပြေကြပါစေ။
0 comments:
Post a Comment